အသစ်အဆန်းများ

ကိုယ်တိုင် လုပ်နည်း

နုတ်နုတ်စင်းထားသော ဝက်သားနဲ့ ပဲပင်ပေါက်ကြော်

ပါဝင်ပစ္စည်းများ
၁။ ပါးပါးလှီးထားသော ဝက်သား
၂။ ပဲပင်ပေါက်
၃။ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
၄။ ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
၅။ ဟင်းချက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆။ လှီးထားသော ကြက်သွန်ဖြူ
၇။ ရေ ၁/၂ ခွက်
၈။ Tao Kae Noi တန်ပူရာ ကြက်ဥဆားနယ် အစပ်အရသာ

ချက်ပြုတ်နည်း
၁။ Tao Kae Noi တန်ပူရာ ကြက်ဥဆားနယ် အစပ်အရသာကို အတုံးသေးသေးလေးတွေ လုပ်ပြီးခွဲထားပါ။
၂။ ဒယ်အိုးထဲတွင် ဆီအနည်းငယ်ထည့်၍ အပူပေးပြီးနောက် လှီးထားသော ကြက်သွန်ဖြူများကို ထည့်ပါ။
၃။ ထို့နောက် ပါးပါးလှီးထားသော ဝက်သားကို ထည့်ပြီး ကျက်သည်အထိ မွှေပေးပါ။
၄။ ပြီးနောက် ပဲပင်ပေါက်၊ ခရုဆီ နှင့် ပဲငံပြာရည် တို့ကိုထည့်ပါ။ ထို့နောက် ပဲပင်ပေါက်များ အနည်းငယ်ပျော့သွားသည် အထိခပ်မြန်မြန်လေး မွှေပေးပါ။
၅။ ပြီးရင်တော့ တန်ပူရာ ကြက်ဥဆားနယ် အတုံးသေးသေးလေးတွေကို ထည့်ပြီးအမြန်ရောမွှေလိုက်ပါ။ ပြီးရင်တော့ အသင့်စားသုံးနိုင်ပါပြီ။

ကိုယ်တိုင် လုပ်နည်း

ကင်မ်ချီ ကြက်သားကြော်

ကြက်သားတော်တီလာထုပ်