ကင်မ်ချီ ကြက်သားကြော်
ပါဝင်ပစ္စည်းများ
၁။ ကြက်ရင်အုံကို အတုံးသေးသေးလေးတွေတုံးထားပေးပါ။
၂။ ကင်မ်ချီ ၁ ခွက်ကို အတုံးသေးသေးလေးတွေတုံးထားပေးပါ။
၃။ ထောင်းထားသော ကြက်သွန်ဖြူ
၄။ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
၅။ ဟင်းချက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆။ ထမင်း
၇။ လှီးထားသော ကြက်သွန်နီ
၈။ ငရုတ်ကောင်း
၉။ ကြွပ်ကြွပ်ရွရွ Tao Kae Noi ပင်လယ်ရေညှိ ပုံမှန်အရသာ
ချက်ပြုတ်နည်း
၁။ ဒယ်အိုးကို အပူပေးပြီး ဒယ်အိုးထဲကို ဆီထည့်ပါ။ ဆီပူလာသည်အထိစောင့်ပြီး ကြက်သွန်ဖြူထည့်ကာ ၁၀ စက္ကန့်ခန့် မွှေပေးပါ။ ထို့နောက် တုံးထားသော ကြက်ရင်အုံသားကို ထည့်ပြီး ကြက်သားကျက်သည်အထိ မွှေပေးပါ။
၂။ လှီးထားသော ကင်မ်ချီကို ထည့်ပြီး နှံ့အောင်မွှေကြော်ပါ။
၃။ ထို့နောက် လှီးထားသော ကြက်သွန်နီ အနည်းငယ်ထည့်ကာ ပဲငံပြာရည် အနည်းငယ်ထည့်ပြီး ငရုတ်ကောင်းမှုန့်ဖြင့် နယ်ပါ။
၄။ ကြွပ်ကြွပ်ရွရွ ပင်လယ်ညှိများကို အတုံးသေးသေးလေးများလှီးပြီး အမြန်မွှေကြော်ပါ။
၅။ ပြီးနောက် ထမင်းတစ်ပန်းကန်ဖြင့် တည်ခင်းနိုင်ပါပြီ။