ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့သည် ထိုင်းရေညှိမုန့်ဖြစ်သည်။

မည်သည့်အတွက်
TAOKAENOI နည်း။
Taokaenoi မှာ “သူဌေးလေး” ဟု အဓိပ္ပါယ် ရပါသည်။ Itthipat Peeradechapan (သို့) Tob သည် Taokaenoi အားတည်ထောင်သူ ဖြစ်သကဲ့သို့အမှုဆောင်အရာရှိချုပ် စီအီးအိုလည်း ဖြစ်ပါသည်။ ၎င်းသည် အသက် 19 နှစ်အရွယ် ကတည်းကပင် ဤ ရေညှိမုန့်လုပ်ငန်းကို စတင်ခဲ့ ခြင်းဖြစ်ပါသည်။

ရေညှိမုန့်ဈေးကွက်အတွင်း “ Taokaenoi” အမှတ်တံဆိပ်အဖြစ် ကျော်ကြားလာမည့် လမ်းကြောင်း
Itthipat သည် ကျောင်းပြေးပြီး ဂိမ်းကစားရသည်ကို နှစ်ခြိုက်သော သာမာန်ကောင်လေး တစ်ယောက်သာဖြစ်ခဲ့ပါသည်။ သို့သော်၊ 2002 ခုနှစ်အတွင်း ၎င်း၏ မိသားစုမှ ငွေရေးကြေးရေး အဆင်မပြေဖြစ်ခဲ့ရပြီး မိသားစု၏အကြွေးမှာ ဘတ်သန်း 40 ကျော်ဖြစ်ခဲ့ရသည်။ ထိုအကြောင်းတရားမှာ ၎င်း၏မိသားစုအား အခက်အခဲဒုက္ခများမှ ကယ်တင်နိုင်ရန်အတွက် ၎င်း၏ရည်မှန်းချက်အကောင်အထည်ဖော်ဆောင်ရန် တွန်းအားဖြစ်ခဲ့ပါသည်။ ယင်းနောက် Itthipat သည် (၎င်း၏ ရည်မှန်းချက်အတွက်) အဖြေရှာနေစဉ် အခက်အခဲပေါင်းမြောက်မြားစွာကို တွေ့ကြုံခံစားခဲ့ရပြီး အဆုံးတွင် ရေညှိ (အဆာပြေမုန့်) အတွက် မူလနှင့် အရသာကောင်းမွန်မှု အတွက် အိုင်ဒီယာကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ ၎င်းသည် ထုတ်ကုန်အားရောင်းချနိုင်ရန်အတွက် ဆန်းသစ်သည့် ချက်ပြုတ်နည်းနှင့် အရသာအပေါ် အလေးထားဆောင်ရွက်ခဲ့ပြီး၊ ထုတ်ကုန် ကိုရောင်းချနိုင်ရန်အတွက် နာမည်ကြီး 7-Eleven စတိုးဆိုင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းခဲ့ပါသည်။ Itthipat သည် မိမိကိုယ်တိုင်၏စူးစမ်းလေ့လာမှုနှင့် သုတေသနပြုမှုအပေါ် တွင်သာလုံး၀ မှီခိုအားထားဆောင်ရွက်ခဲ့ပြီး ၎င်း၏ စိတ်ကူးစိတ်သန်းအပေါ်မည်သည့်အခါမျှ အရှုံးမပေးခဲ့ သောကြောင့် Taokaenoi Seaweed အား 7-Eleven ဆိုင်များ၏ အရောင်းစင် 3,000 ပေါ်တွင် အောင်မြင်စွာထားရှိရောင်းချနိုင်ခဲ့ပါသည်။ ယနေ့တွင် Taokaenoi တည်ထောင်သူ၏ အိပ်မက်ဖြစ်သည့် ဆန်းသစ်ပြီး အရသာ ကောင်းမွန်သည့် ရေညှိအဆာပြေမုန့်များကို ကမ္ဘာတစ်ဝှမ်းရှိ ဖောက်သည်များ၏ ပျော်ရွှင်မှုကိုဆောင်ကြဉ်းပေးနိုင်ရန်အတွက် ဖန်တီး ရောင်းချပေး လျက်ရှိနေပါသည်။
ခံယူထားသည့် တာဝန်
- • ဖောက်သည်များအတွက် အာဟာရဖြစ်စေမည့် ထုတ်ကုန်များကို ထုတ်လုပ်ရန်။
- • ဖောက်သည်များ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် ထုတ်ကုန်များကို ထုတ်လုပ်ရန်။
- • ခေတ်မီထုတ်လုပ်ရေးနည်းပညာများကို အသုံးပြုကာ ဆန်းသစ်သည့်ထုတ်ကုန်များကို ထုတ်လုပ်ရန်။
- • စားသုံးသူများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန်အတွက် အမှတ်တံဆိပ်အသိကို တည်ဆောက်ရန်။
- • ဝန်ထမ်းများ၊ ကုန်ပေးသွင်းသူများနှင့် စားသုံးသူများကို မိသားစုကဲ့သို့ဆက်ဆံရန်။
ရည်မှန်းချက်
Taokaenoi သည် ကမ္ဘာ့ဈေးကွက်အတွက် အရည်အသွေးမြင့်ထုတ်ကုန်များကို စဉ်ဆက်မပြတ် ဖန်တီးထုတ်လုပ်သွားရန် ကတိကဝတ်ပြုပါသည်။

Taokaenoi ကြွပ်ရွရေညှိအဆာပြေမုန့်ထုတ်လုပ်သည့် လုပ်ငန်းစဉ်
မည်သည့်အတွက် ရေညှိအဆာပြေမုန့်နည်း။
- • ပင်လယ်ရေညှိသည် အာဟာရဓာတ်မြင့်မားခြင်း။
- • အိုင်အိုဒင်းရင်းမြစ် နှင့် Tyrosine ဟုခေါ်သော အမိုင်နိုအက်စစ် သိပ်သည်းစွာပါဝင်ခြင်း။
- • အမျှင်ဓာတ်အတွက် ရင်းမြစ်ကောင်းဖြစ်ခြင်း။
- • ပရိုတင်းဓာတ်ရင်းမြစ်ဖြစ်ခြင်း။
- • ဗီတာမင် A၊ ဗီတာမင် C ၊ ဗိတာမင် E၊ B12 နှင့် Omega-3 တို့၏ရင်းမြစ်ဖြစ်ခြင်း။

ထုတ်ကုန်များ၏ စံချိန်စံညွှန်းများနှင့် အသိအမှတ်ပြု လက်မှတ်များ

ဟာလာ အသိအမှတ်ပြု
- ထိုင်းနိုင်ငံ၏ အစ္စလာမ်ဗဟိုမှ ဟာလာဖြစ်ကြောင်း အသိအမှတ်ပြုခံထားရခြင်း

အစားအစာဘေးကင်းရေး
- ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဌာနမှ ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု CODEX GMP လက်မှတ်
- U.K. မှ CODEX GMP အသိအမှတ်ပြုလက်မှတ်
- HACCP အသိအမှတ်ပြုလက်မှတ်
- Thailand Trusted Quality အသိအမှတ်ပြုလက်မှတ်

စက်ရုံအရည်အသွေးစီမံခန့်ခွဲမှုစနစ်
- SGS မှ ISO9001:2008 လက်မှတ်


Timeline
2004
“Taokaenoi” အမှတ်တံဆိပ်ဖြင့် ရေညှိအဆာပြေမုန့်ထုတ်လုပ်ရန် ကုမ္ပဏီအား စတင်တည်ထောင်ခြင်း
2005
ကုမ္ပဏီမှ ပြည်တွင်းပို့ကုန်စီးပွားရေးလုပ်ငန်းရှင်များ (Thai Exporters) မှတဆင့် ပြည်ပနိုင်ငံများ သို့ထုတ်ကုန်များကို စတင်ဖြန့်ဖြူးရောင်းချခြင်း
2008
တိုးပွားလာသည့် စားသုံးသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် Nopphawong တွင် ဒုတိယ ထုတ်လုပ်ရေးစက်ရုံကို ဖွင့်လှစ်ပြီး ကုမ္ပဏီ၏ထုတ်လုပ်မှု ပမာဏကို တိုးချဲ့ခဲ့ပါသည်။
2015

ကုမ္ပဏီအား စတော့ဈေးကွက်တွင် “TKN” အဖြစ်မှတ်ပုံတင်ခဲ့ပါသည်။
2016

ကုမ္ပဏီ၏ ဒုတိယမြောက် ထုတ်လုပ်မှုစက်ရုံကို ROJANA စက်မှုဥယျာဉ်တွင် စတင်လည်ပတ်ခဲ့ ပါသည်။
2017
ကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စုနိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင်တည်ရှိသော GIM Factory Inc. (လက်ရှိအမည်: Taokaenoi USA Inc. “TKNUS”) ကိုဝယ်ယူခဲ့သည်။ ဤသည်မှာ မြောက်အမေရိကဈေးကွက်ကို ချဲ့ထွင်ရာတွင် အထောက်အကူဖြစ်စေရန်အတွက်ဖြစ်သည်။
2019
- တရုတ်ဈေးကွက်တွင် စီးပွားလုပ်ငန်းဆောင်ရွက်သည့် 10 နှစ်ပြည့် နှစ်ပတ်လည်
- Taokaenoi ရေညှိအဆာပြေမုန့်အား အမေရိကန်နိုင်ငံဈေးကွက်ရှိ နာမည်ကြီး လက်လီရောင်းချသူ Costco တွင်စတင်စာရင်းသွင်းခဲ့သည်။
2020

Taokaenoi ကုမ္ပဏီသည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဉာဏပစ္စည်းဦးစီးဌာနမှ ချီးမြှင့်သော ဉာဏပစ္စည်းမူပိုင်ခွင့်နှင့် ကုန်အမှတ်တံဆိပ်ကို စီးပွားဖြစ် ထိထိရောက် အသုံးချခြင်း သို့မဟုတ် 2020 ခုနှစ်၏ IP Champion ဟုအမည်ပေးထားသည့် ကုန်သွယ်မှု အမှတ်တံဆိပ်အမျိုးအစားအတွက် ခမ်းနားကြီးကျယ်သောဆုအားဆွတ်ခူးနိုင်ခဲ့သည်။
